Pages

    • RSS
    Latest Post
    Loading...

    Viber မှာ Public Chat ဆိုတာကို အသုံးပြုနည်း


    Viber မှာ Public Chat ဆိုတာကို အသုံးပြုနည်း
    မင်္ဂလာပါ
    ဒီနေ့ အသစ်တက်လာတဲ့ သတင်းတွေနဲ့အတူ Viber မှာ Public Chat ဆိုတာ
    တကယ် ထပ်တိုးလာပါတယ်။ Official ကမက်ဆက် တိုက်ရိုက်ပို့ပေးပါတယ်။
    Viber ချစ်ပရိတ်သတ်ကြီးများခင်ဗျား လိုင်းဖွင်ထားရင် Viber လေးကို
    တစ်ချက်ကြည့်ကြည့်လိုက်ပါ Viber Official က ပို့ပေးထားတဲ့ မက်ဆက်
    အသစ်လေးရောက်နေတာကို တွေ့ကြရမှာပါ။
    (ဒီနေရာမှာ မိမိနေထိုင်ရာ နိုင်ငံအလိုက် ပို့ပေးမှာဖြစ်ပါတယ်)
    Public Chat ဆိုတာ သတင်းအချက်အလက်များကို
    လူအများဆီသို့ လွယ်ကူလျင်မြန်စွာ ဖြန့်ချိပေးနိုင်မှာဖြစ်ပါတယ်။
    Viber ရဲ့ ပြောရဲဆိုခွင့်ရှိသူပြောကြားချက်အရတော့
    “ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီး
    စဉ်းစားတဲ့အခါမှာ Public Chat ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။
    Public Chat သည် ကိုယ်ပိုင်အမည် တစ်ခုနှင့် စာမျက်နှာတစ်ခု
    ထူထောင်နိုင်သည့် စနစ်တစ်ခုဖြစ်ပြီး အဆိုပါစာမျက်နှာကို Viber အသုံးပြုသူ
    မည်သူ မဆို Follow ပြုလုပ်နိုင်သည်ဟု သိရသည်။
    ဒီလောက်ဆိုရင် Viber Public Chat ဆိုတာ မိမိအတွက်
    ဘယ်လောက်တန်ဖိုးရှိလာပြီဆိုတာသဘောပေါက်လောက်ပါပြီ။
    အသုံးချတတ်သူတစ်ယောက်သာဖြစ်ဖိုလိုပါတယ်။ ကောင်းသောအလုပ်နဲ့
    လူသားအကျိုးပြု စာမျက်နှာဖွင့်နိုင်ကြပါစေခင်ဗျား။
    လုပ်နည်းမသိသေးရင် အောက်မှာ ကျနော် ပုံလေးနဲတစ်ကွ
    ရှင်းပြထားပါတယ်။
    ၁။ Viber ကိုဖွင့်လိုက်ပါ
    ၂။ ကျနော်အနီရောင်လေးနဲ့ ၀ိုင်းပြထားတာလေးကိုနှိပ်ပါ
    (Public Chat) 

    ၄။ Explore ရဲ့အောက်မှာ Follow လုပ်မယ့် စာမျက်နှာတွေ
    အများကြီးပေါ်လာပါလိမ့်မယ်၊ မိမိ ကြိုက်နှစ်သက်ရာ
    စာမျက်နှာလေးကို Follow ဆိုတာကိုနှိပ်လိုက်ပါ။
    ၅။ မိမိ Follow လုပ်ထားတဲ့ စာမျက်နှာလေးပေါ်လာပါလိမ့်မယ်။

    ၆။ မိမိသူငယ်ချင်း Group ထဲက ဖိတ်ချင်တဲ့ ဘော်ဒါတွေကို ဖိတ်ဖို့ Invite Friend ဆိုတာလေးကိုနှိပ်ပါ။ Viber ထဲကသူငယ်ချင်းတွေ အကုန်ဖိတ်လို့ပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ စာမျက်နှာ (Group) လေးကိုလည်း Share လုပ်ချင်တယ်ဆိုရင် Share ဆိုတာကိုနှိပ်လိုက်ပါ။
    ၇။ မိမိ Group ထဲမှာသူငယ်ချင်းတွေကိုကြည့်ချင်ရင်တော့ ကျနော်အနီဝိုင်းပြထားတဲ့နေရာလေးကိုနှိပ်ပါ။


    ၈။ မိမိ Follow လုပ်ထားတဲ့ Group လေးကို မကြိုက်တော့ဖူး Group ထဲကထွက်လိုက်ချင်ရင်တော့ Unfollow Public Chat ဆိုတာလေးကို နှိပ်ပေးလိုက်ပါခင်ဗျား။

    အားပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ် အတွေးသစ် အမြင်သစ်နဲ့ လူသားအကျိုးပြု စာမျက်နှာကြီးတွေကို ဖွင့်နိုင်ကြပါစေ အောင်မြင်သူတွေဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုလျှက်။ အဆင်ပြေပါစေ
    Ref: tumagway.blogspot.com